အစာစားနေချိန် စကားမပြောသင့်တာ အမှန်လား။



လူတော်တော်များများက "အစာစားနေချိန် စကားမပြောနဲ့" ဆိုတဲ့ စကားကို အကြိမ်ကြိမ်ကြားဖူးကြမှာပါ။ ဒါကို အများစုက ရှိသင့်ရှိထိုက်တဲ့ Manner (အမူအကျင့်) တစ်ခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ တကယ်လက်ကိုင်ကျင့်သုံးသင့်ရဲ့လား။ ဘာကြောင့်လဲ။

ကျွန်တော်တို့ အစာစား၊ ရေသောက်တဲ့ အချိန်တွေမှာဆိုရင် Epiglottis (အသံအိုးဖုံး) က Trachea/ Windpipe (လေပြွန်) ထဲကို အစာနဲ့ ရေမဝင်သွားဖို့ရန် ပိတ်ထားလေ့ရှိပါတယ်။

သို့ပေမဲ့လဲ စကားပြောတဲ့ အချိန်တွေမှာတော့ အဆုတ်က တစ်ဆင့် Windpipe ကို ဖြတ်ပြီး လေတွေထွက်လာမှာ ဖြစ်တာကြောင့် Epiglottis ဟာပွင့်နေမှာ ဖြစ်ပါတယ်။

အဲ့တာကြောင့် အစာစားနေချိန် စကားပြောတဲ့အခါ‌မှာ အစာနဲ့ ရေဟာ Windpipe (လေပြွန်) ထဲကို ဝင်ရောက်သွားကာ လေလမ်းကြောင်းပိတ်ဆို့ပြီး Choking/ဆို့နင်တာတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် အစာစားနေချိန် စကားပြောတာကို အတတ်နိုင်ဆုံးရှောင်ကြဉ်တာဟာ ကျန်းမာရေးရှုထောင့်အရ ကောင်းကျိုးပေးနိုင်တဲ့အပြင် အမူအကျင့်ကောင်းတစ်ခုအနေနဲ့ပါ သတ်မှတ်ခြင်းခံထားရတာဖြစ်တဲ့အတွက် ကျင့်သုံးကြဖို့တိုက်တွန်းပါတယ်ခင်ဗျာ။

References - BYJU's - Why We Are Advised Not To Talk While Eating Food
- Why One Should Not Talk While Eating?

Written by - Zay Bhone Hlyan 
Edited by - Fact Hub Editor Team
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Science #Article #General_science #Why_We_Should_Not_Talk_While_Eating

Post a Comment

Previous Post Next Post

Contact Form