အချက်အလက်မှား သတိပြုရန်
မကြာသေးခင်အချိန်က လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ အမေရိကန်ဥပဒေပြုလွှတ်တော် ကွန်ဂရက်ညီလာခံမှာ အမျိုးအမည်မသိ ပျံသန်းယာဉ် ; UFO တွေနဲ့ ကမ္ဘာဂြိုဟ်ပြင်ပသက်ရှိ ; ဂြိုဟ်သားတွေ တည်ရှိကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ပိုစ့်တစ်ခု အမည်မဖော်လိုတဲ့ စာမျက်နှာကနေတဆင့် မျှဝေထားတာကို Fact Hub က အချက်အလက် စစ်ဆေးခဲ့ပါတယ်။ ဖော်ပြချက်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Fact Hub - Fact Check အဖွဲ့ကနေပြီး access ရှိတဲ့ archive နဲ့ trusted citation တွေကို အသုံးပြုပြီး စစ်ဆေးခဲ့ရာမှာ အကြောင်းအရာအတွင်း သတင်းအမှားတချို့ ; false news၊ ယူဆချက်အမှားတချို့ ; fake assumption နဲ့ နားလည်မှုလွဲစေနိုင်တဲ့ ဖော်ပြချက်အမှားတချို့ကို တွေ့ရှိခဲ့ရပါတယ်။ ပါဝင်နေတဲ့ အချက်အလက်အမှားတချို့ကို သတိပြုနိုင်ဖို့ ဒီအကြောင်းအရာကို ရေးသားမျှဝေလိုက်ပါတယ်။
- အမေရိကန်ကွန်ဂရက်ကနေပြီး အမျိုးအမည်မသိ ယာဉ်ပျံတွေ ; UFO ခေါ် UAP (Unidentified Aerial Phenomena) တွေနဲ့ ပတ်သက်လို့ လိုအပ်တဲ့ ကြားနာစုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီးတော့ မျက်မြင်တွေ့လိုက်ရပြီး သေချာအတည်ပြုမှုမလုပ်နိုင်သေးတဲ့ အဲ့ဒီပဟေဠိဆန်ဆန် ကိစ္စတွေကို အစိုးရ ထိပ်သီးပိုင်းက သေချာစီစစ်ဖို့ လိုအပ်တယ်လို့ ပြန်ကြားခဲ့ပါတယ်။
- အဲ့ဒီကြားနာမှုမှာ အငြိမ်းစားယူထားတဲ့ အမေရိကန်စစ်မှုထမ်းဟောင်းတွေ၊ စုံစမ်းစစ်ဆေးရေး အရာရှိတွေက သက်သေအနေနဲ့ ပါဝင်ပြီးတော့ လက်ရှိအချိန်ထိ လက်ခံထားတဲ့ ရူပဗေဒသတ်မှတ်ချက်တွေကို လွန်ဆန်နေတဲ့ မူမမှန်ပျံသန်းဝတ္ထု (Anomalous Aerial Object) တွေကို ကိုယ်တိုင်ပက်ပင်းကြုံခဲ့ရတယ်လို့ သက်သေထွက်ဆိုထားပါတယ်။ သူတို့ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေက အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခု ရှိလာနိုင်တဲ့အကြောင်း ပြောထားပါတယ်။
- သက်သေတွေနဲ့ ကွန်ဂရက်ရဲ့ ဥပဒေပြုရေးတာဝန်ရှိသူတွေက အမေရိကန်အစိုးရအနေနဲ့ UAP တစ်နည်း UFO တွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့၊ ပြင်ပကို ထုတ်ဖော်ဖို့ တောင်းဆိုခဲ့ပါတယ်။
- သက်သေတွေအနေနဲ့ အဲ့ဒီမူမမှန်ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ရရှိထားတဲ့ မှတ်တမ်းတွေကို ကွန်ဂရက်ဆီ တင်ပြခဲ့တယ်လို့ ဆိုပေမယ့် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ သက်သေမျိုး၊ ကမ္ဘာပြင်ပသက်ရှိတွေ တည်ရှိကြောင်း အတည်ပြုချက်မျိုး ကြားနာပွဲမှာ လုပ်ခဲ့တာမျိုး မရှိပါဘူး။ ပါဝင်သူ သက်သေတချို့ကတော့ Non-human biologic မှတ်တမ်းတွေကို ယာဉ်တွေပျက်ကျ (လက်ဆုပ်လက်ကိုင်မရှိ ; Alleged) ထားတဲ့ နေရာတွေကနေ ရရှိခဲ့တယ်လို့ ဆိုပါတယ်၊ ဒါပေမဲ့ အဲ့ဒီအချက်အလက်တွေက သူတို့ကိုယ်တိုင် အတည်ပြုနိုင်တဲ့ first-hand ဒေတာမဟုတ်ဘဲ ကြားခဲ့ရတဲ့ second-hand ဒေတာ ဖြစ်ပြီး တိုက်ရိုက်သိရှိထားတာမျိုး မဟုတ်ပါဘူး။
UFO တွေ ရှိလား။
UFO တွေက ကမ္ဘာပြင်ပသက်ရှိတွေရဲ့ ယာဉ်ဖြစ်နိုင်လား။ ကမ္ဘာပြင်ပသက်ရှိတွေ ရှိနေပြီလား။
အမေရိကန်ကွန်ဂရက်က ဂြိုဟ်သားတွေ တည်ရှိတဲ့အကြောင်း အတည်ပြုထားပြီလား။
သတင်းဌာနတွေက မြေပြင်အတည်ပြုချက်နဲ့ ဘယ်လိုဖော်ပြထားလဲ။
![]() |
BBC / CNN |
![]() |
ကွန်ဂရက်ရဲ့ ရီဘက်ပလစ်ကန် တင်ဘာချက် ပြောကြားချက် |
![]() |