ရုရှားရဲ့ လဆင်းယာဉ် လူနာ ၂၅ လပေါ်ကို ပျက်ကျ


ရုရှားအာကာသ အေဂျင်စီက လွှတ်တင်ထားတဲ့ လူမဲ့ လဆင်းယာဉ် လူနာ ၂၅ ဟာ သတ်မှတ် ပတ်လမ်း ချို့ယွင်းချက်ကြောင့် အထိန်းအချုပ်မဲ့တဲ့ အခြေအနေဖြစ်ပေါ်ခဲ့ပြီး လရဲ့ မျက်နှာပြင်ပေါ်ကို ပျက်ကျခဲ့တယ်လို့ သက်ဆိုင်ရာတွေက ပြောပါတယ်။ 

လူနာ ၂၅ ဟာ ရုရှားရဲ့ အာကာသ စူးစမ်းလေ့လာရေး ကော်ပိုရေးရှင်း Roscosmos က စီစဉ်ပြုလုပ်တဲ့ လဆင်းမစ်ရှင်ဖြစ်ပြီး လရဲ့ တောင်ဘက်ဝင်ရိုးစွန်းကို ပထမဆုံးအကြိမ်အနေနဲ့ ဆင်းသက်လေ့လာနိုင်ဖို့ ရည်ရွယ်ထားတာပါ။ အဆိုပါ လူမဲ့အာကာသယာဉ် လူနာ ၂၅ ဟာ သူ့ရဲ့ ပင်မပတ်လမ်းကြောင်းကနေ လကမ္ဘာပေါ်ကို မဆင်းသက်မီ ဆင်းသက် ပတ်လမ်းကြောင်းချိန်ညှိဖို့နဲ့ သတ်မှတ် အမြင့်ပေ/အမြန်နှုန်းကို တည်ငြိမ်စေဖို့ အကြိုဆင်းသက်တဲ့ ပတ်လမ်းထဲ ဝင်ရောက်နေစဉ် အချိန်အတွင်း ချို့ယွင်းမှုဖြစ်ခဲ့ပါတယ်။

မြေပြင် မစ်ရှင်ထိန်းချုပ်ရေး စင်တာနဲ့ လူနာ ၂၅ ဟာ မြန်မာစံတော်ချိန် စနေနေ့ ညနေ ခြောက်နာရီခွဲပတ်ဝန်းကျင်ကတည်းက အဆက်အသွယ်ပြတ်သွားတာဖြစ်ပြီး ဖြစ်ရပ်အပြီး ပဏာမတွေ့ရှိချက်တွေအရ လဆင်းယာဉ်ဟာ အကြိုပတ်လမ်းထဲ ဝင်ရောက်နေစဉ်အချိန်အတွင်းမှာပဲ မခန့်မှန်းထားတဲ့ ပတ်လမ်းအခြေအနေထဲကို ရောက်ရှိသွားပြီး အထိန်းအချုပ်မဲ့ ပျက်ကျသွားတာပါ။ 

လူနာ ၂၅ လဆင်းယာဉ်က လာမဲ့ ဩဂုတ်လ ၂၀ ရက် တနင်္လာနေ့မှာ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းဘက်ခြမ်းကို ဆင်းသက်ဖို့ စီစဉ်ထားတာပါ။ အဲ့ဒီဒေသက နေရောင်မရောက်လို့ အမြဲတမ်းအမှောင်ဖုံးနေပြီး ရေခဲတွေ၊ တန်ဖိုးကြီးဒြပ်စင်တွေရှိနိုင်တယ်လို့ ယူဆရတာကြောင့် ဆင်းသက်လေ့လာဖို့ ပြင်ဆင်နေတာပါ။ အမေရိကန်၊ ရုရှားတို့နဲ့ တရုတ်တို့ဟာ လကမ္ဘာရဲ့ မျက်နှာပြင်ဘက်ခြမ်းကို ဆင်းသက်ခဲ့ကြဖူးပေမဲ့ လရဲ့ တောင်ဝင်ရိုးစွန်းဘက်ခြမ်းကိုတော့ ဘယ်နိုင်ငံမှ ဆင်းသက်နိုင်ခြင်း မရှိသေးပါဘူး။ အိန္ဒိယရဲ့ ချန်ဒရာယန် - ၃ လဆင်းယာဉ်ဟာလဲ ရုရှားတို့နဲ့ အပြိုင် လရဲ့ တောင်ဝင်ရိုးစွန်းပေါ် ဆင်းသက်နိုင်ဖို့ ကြိုးစားနေကြပြီး နှစ်စင်းစလုံးဟာ လာမဲ့ ဩဂုတ် ၂၁ - ၂၃ ပတ်ဝန်းကျင်အတွင်း လပေါ်ကို ဆင်းသက်နိုင်ဖို့ စီစဉ်ထားတာပါ။

ရုရှားတို့က ပြီးခဲ့တဲ့ ၁၉၇၀ နောက်ပိုင်းကာလတွေအတွင်းမှာ အာကာသ စူးစမ်းလေ့လာရေး ကိစ္စတွေနဲ့ ပတ်သက်လို့ လုပ်ငန်းဆောင်တာတွေ သိသိသာသာလျော့နည်းနေခဲ့တာပါ။ ယခုလက်ရှိ လူနာ ၂၅ လဆင်းမစ်ရှင်ဟာလဲ ရုရှားတို့ရဲ့ နှစ်ငါးဆယ်အတွင်းမှာ ပထမဆုံး ပြုလုပ်တဲ့ လကမ္ဘာလေ့လာရေး မစ်ရှင်တစ်ခုဖြစ်ပါတယ်။ ရုရှားတို့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းကာလတွေမှာ နိုင်ငံ့ဘဏ္ဍာငွေအများစုကို စစ်ဘက်အသုံးစရိတ်တွေအတွက် အဓိကထား အသုံးပြုခဲ့တာဖြစ်လို့ အရပ်ဘက်ဆိုင်ရာ အာကာသ စူးစမ်းလေ့လာရေး ပရိုဂရမ်တွေက နှစ်ပေါင်းများစွာ ကြာအောင် လုပ်ဆောင်ခွင့်မရခဲ့ကြရတာပါ။ ရာစုနှစ်ဝက် ကာလအကြာမှ ပြန်လုပ်ဖို့ အခွင့်ရခဲ့တဲ့ ဒီစူးစမ်းလေ့လာရေး ပရိုဂရမ်ကျရှုံးခဲ့တာဟာ ရုရှားတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။ 

ဒီစီမံကိန်းဟာ ၁၉၇၀ နောက်ပိုင်း ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲအပြီး နှစ်ငါးဆယ်အတွင်း ရုရှားတို့အနေနဲ့ ပထမဆုံးအကြိမ် အာကာသစူးစမ်းလေ့လာရေးတွေကို ပြန်လည်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

Image - Reuters

References - Ap News, BBC

 ဆက်စပ်အကြောင်းအရာတွေကို ကောမန့်မှာ ဝင်ကြည့်နိုင်ပါတယ်။ ဝဘ်ဆိုက်ကတဆင့် ဖတ်ရင်တော့ ဘေးက ကွန်းတန့်အမျိုးအစားတွေကို နှိပ်ပြီး သက်ဆိုင်တဲ့ ဆက်စပ်ပိုစ့်တွေကို ဆက်ဖတ်နိုင်မှာပါ။

Fact Hub Myanmar page ကို ရီဗျူးဝင်ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။

Telegram - t.me/facthub_mm

www.facthub-mm.org မှာလည်းဝင်ဖတ်နိုင်ပါတယ်။

Written by - Zwe Thukha Min

Edited by - Fact Hub Editor Team

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #News #Russia_Luna_25_spacecraft_crashes_into_Moon #Space_exploration #Russia #Luna_25 #Moon_landing_mission

Zwe Thukha Min

Hello! My name is Zwe Thukha, and I am a science enthusiast driven by a deep passion for knowledge and community empowerment. Alongside my fellow teenagers, I co-founded an organization dedicated to fact-checking and delivering safe, reliable information to our community. Our mission is to empower individuals with the power of knowledge, ensuring they have access to accurate insights that enable informed decision-making. Through this initiative, we strive to foster critical thinking, promote intellectual curiosity, and create a positive impact on the world around us. Together, we are on a journey to make a difference and contribute to a more informed and enlightened society.

Post a Comment

Previous Post Next Post

Contact Form