ပုံထဲမှာ နိုင်ငံတကာအာကာသစခန်းကြီးကို မြင်ကြရဲ့လား။ ?




ပတ်လမ်းအနေအထားနဲ့ ပတ်လမ်းအလျင်အရ ISS ဟာ ကမ္ဘာကို တစ်ရက် ၁၆ ကြိမ် လှည့်ပတ်နေရင်း ကမ္ဘာနဲ့ နေရဲ့အကြားကို ၀.၇ စက္ကန့်က‌နေ ၃ စက္ကန့်အကြား ဖြတ်သန်းသွားလေ့ရှိပါတယ်။

ဒီလိုအရမ်းတိုတောင်းတဲ့ အချိန်ပမာဏအတွင်း နေနဲ့ကမ္ဘာကြားရောက်သွားတဲ့ ISS ကို ဓါတ်ပုံရိုက်ယူရမယ်ဆိုတာ အပျော်တမ်းနက္ခတ်လေ့လာသူတွေအတွက် အတော်ကိုစိန်ခေါ်မှုကြီးပါတယ်။

ဓါတ်ပုံဆရာ အင်ဒရူးမက္ကာသီ (Andrew McCarthy) အနေနဲ့ တယ်လီစကုပ် ၃ ခု၊ အချိန် ၁၂ နာရီကြာ အားထုတ်မှုနဲ့ သူ့ရဲ့ ကျွမ်းကျင်မှုကိုပေါင်းစပ်ပြီး ဒီပုံ တွေကိုရိုက်ကူးနိုင်ခဲ့တာပါ။

နေကိုပတ်နေတဲ့ အာကာသယာဉ်တစ်စင်း (ဥပမာ - ပါကားအာကာသယာဉ်) လို့ မထင်ကြပါနဲ့။ ဘယ်လောက်ပဲကြီးမားတဲ့ အာကာသယာဉ်ဖြစ်နေပါစေ၊ နေလိုအရွယ်အစားကြီးတဲ့အရာဝတ္ထုရဲ့အနားမှာ ပုစိညောက်တောက်အဖြစ်ပဲမြင်ရပြီး ဓါတ်ပုံရိုက်ကူးလို့မရနိုင်ပါဘူး။ ဒါကြောင့် ယုတ္တိကျကျတွေးကြည့်ရင် ဒီပုံရိပ်က နိုင်ငံတကာအာကာသစခန်းပဲ ဖြစ်နိုင်မှာပါ။

Reference :

ScienceAlert

European Space Agency


Post a Comment

Previous Post Next Post

Contact Form