Editor Application Test

 


အယ်ဒီတာ (ခေါ်) စာတည်းသူ နေရာ လျှောက်ထားမှုအတွက် စစ်ဆေးခြင်း 

━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━

အောက်ပါလင့်ခ်ထဲရှိ စာပိုဒ်ထဲတွင် သတ်ပုံအများမှား၊ စာကြောင်းတည်ဆောက်ပုံ ချို့ယွင်းမှုများနှင့် စာအဖြတ်အတောက် လိုအပ်ချက်များ ရှိသည်။ ၎င်းစာပိုဒ်အတွင်းရှိ လိုအပ်ချက်များအား ပြင်ဆင်တည်းဖြတ်ပြီး စာပိုဒ်အချောသပ်ကို ဖောင်ထဲရှိအဖြေကွက်၌ ဖြည့်သွင်းပေးပါ။

❝ ရဲမြင့်ထွက်သွားချိန်တွင် နတ်အိမ်ထောင်စခန်းမှာတင်ထွန်းအောင်တစ်ယောက်ထဲကျန်ရစ်ခဲ့ပါတယ်။သူတစ်ယောက်ထဲကျန်သည့်အခါမှာတင်ထွန်းအောင်‌ ပို၍အားငယ်သည်။ သူရဲမြင့်နှင့်အတူလိုက်ချင်၏။ သို့ရာတွင်ရဲမြင့်ကခွင့်မပြု။ရဲမြင့်ကသာ မဟုတ်၊ သူ့ခန္ဒာကိုကလဲ ခွင့်မပြု။ ဆေးပြတ်၍လဲကောင်း၊ အစာချို့တဲ့၍လဲကောင်း အားနည်းနေသည့်အထဲမှာ လမ်းကကြမ်းသည်။တောင်တွေကို တထပ်ပြီးတထပ် ကြော်ရသည်။ ရဲမြင့်မှာ ဓါးပေါက်ကျဥ်လယ်သည်။ ကျဉ်လယ်အောင်လဲအားလျှင် ဓါးပေါက်နေတတ်သည်။သူသွားသည့်တလျှောက် တောလန်းဘေးကသစ်ပင်များတွင် ဓါးပေါက်ရာများ၊ဓါးချစ်ရာများအား တွေ့ရတတ်သည်။ ❞

ဤမေးခွန်းအား Fact Hub Editor Team မှ ပံ့ပိုးပေးထားသည်။



1 Comments

  1. ရဲမြင့်ထွက်သွားချိန်တွင် နတ်အိမ်ထောင်စခန်းမှာ တင်ထွန်းအောင်တစ်ယောက်တည်းကျန်ရစ်ခဲ့ပါတယ်။ သူတစ်ယောက်တည်းကျန်ခဲ့သည့်အခါမျိုးမှာ တင်ထွန်းအောင်ပို၍အားငယ်တတ်သည်။ သူကရဲမြင့်နဲ့အတူ လိုက်ချင်သည်။ သို့ရာတွင် ရဲမြင့်ကခွင့်မပြု။ ရဲမြင့်သာမက သူ (တင်ထွန်းအောင်) ၏ ခန္ဓာကိုယ်ကလည်း ခွင့်မပြုပေ။ ဆေးပြတ်လပ်သည်ကတစ်ကြောင်း၊ အစားအစာအာဟာရချို့တဲ့သည်ကတစ်ကြောင်း ဖြစ်သည့်အပြင် လမ်းကလည်းကြမ်းသည်။ အကြောင်းမှာ တောင်တွေကိုတစ်ထပ်ပြီးတစ်ထပ် ဖြတ်ကျော်ရသောကြောင့်ဖြစ်သည်။

    ရဲမြင့်မှာ ဓားပေါက်ရာ၌ ကျင်လည်၏။ ကျင်လည်အောင်လည်း အားလျှင်အားသလို ဓားပေါက်လေ့ကျင့်နေတတ်သူဖြစ်သည်။ သူသွားသည့်တစ်လျှောက် တောလမ်းဘေးကသစ်ပင်များတွင် ဓားပေါက်ရာများ၊ ဓားခြစ်ရာများအား တွေ့ရတတ်သည်။

    ReplyDelete

Contact Form