ငှက်ပျောသီးတွေက ရေဒီယိုသတ္တိကြွပါတယ်။

 

ရုတ်တရက်ဖတ်ကြည့်ရင်တော့ နည်းနည်းထူးဆန်းနိုင်ပေမဲ့ ငှက်ပျောသီးတွေက ရေဒီယိုသတ္တိကြွနိုင်တဲ့ အစားအစာတွေထဲက တစ်ခုအပါအဝင်ပါ။ ငှက်ပျောသီးတွေမှာ ပိုတက်စီယမ်ဓာတ် တော်တော်များများ ပါဝင်ပါတယ်။ အဲ့ဒီထဲမှာ ပိုတက်စီယမ်ထဲက ရေဒီသတ္တိကြွ အိုင်ဆိုတုပ် ပိုတက်စီယမ်-၄၀ က ပမာဏနည်းနည်းပါဝင်ပါတယ်။ ပိုတက်စီယမ်က ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေထဲက တစ်ခုအပါအဝင်ပါ။ သဘာဝအတိုင်း တည်ရှိနေတဲ့ ပိုတက်စီယမ်ဒြပ်စင်တွေထဲက ၀.၀၀၁ ရာခိုင်နှုန်းက ပိုတက်စီယမ်-၄၀ အိုင်ဆိုတုပ်တွေ ဖြစ်ပါတယ်။ အဲ့ဒီ ဒြပ်စင်တွေ Radioactive deacy (ရေဒီယိုသတ္တိကြွဒြပ်စင် ယိုယွင်းပျက်စီး - တိုက်ရိုက်ပြန်ဆိုမှု) ဖြစ်တဲ့ အခြေအနေကို ရောက်သွားရင်တော့ အင်မတန်နည်းပါးတဲ့ Beta အဆင့် အမှုန်လေးတွေရဲ့ Gamma ရောင်ခြည်တချို့ ဖြာထွက်စေပါတယ်။ ဒါပေမဲ့ ငှက်ပျောသီးထဲက ဒီရေဒီယိုသတ္တိကြွတဲ့ ဖြစ်စဉ်က ပမာဏအားဖြင့် အလွန်နည်းပါးတာကြောင့် လူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အခြေအနေမရှိပါဘူး။ 

ကျွန်တော်တို့ နေ့စဉ်ဘဝမှာလဲ ကိုယ်စားတဲ့ အစာ၊ ရှုတဲ့လေနဲ့ လျှောက်တဲ့မြေတေွကနေ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည် ပမာဏ နည်းနည်းလေးကို တွေ့ကြုံခံစားရပါတယ်။ ငှက်ပျောသီးမှာရှိတဲ့ ရေဒီယိုသတ္တိကြွမှုကတော့ နေကလာတဲ့ အလင်းရောင်ခြည်တွေ၊ Cosmic ရောင်ခြည်တွေနဲ့ အခြား ပိုတက်စီယမ် ပါဝင်မှုများတဲ့ အစားအစာတွေကနေလဲ ရနိုင်ပါတယ်။

ဒီအကြောင်းအရာက ယုံကြည်ရနိုင်မှုရှိရဲ့လား။ အချက်အလက်ရယူခဲ့တဲ့နေရာတွေကို Citation ပြန်လည် ဖော်ပြပေးထားပါတယ်။

Villazon, L. (n.d.). How many bananas would I need to eat to become radioactive? BBC Science Focus Magazine. https://www.sciencefocus.com/science/how-many-bananas-would-i-need-to-eat-to-become-radioactive

What to know before you go bananas about radiation. (2023, March 15). University of California. https://www.universityofcalifornia.edu/news/what-know-you-go-bananas-about-radiation

Ball, D. W. (2004). How Radioactive Is Your Banana? Journal of Chemical Education, 81(10), 1440. https://doi.org/10.1021/ed081p1440

Jones, E. (2023, August 11). Yes, bananas are naturally radioactive but they’re not harmful to eat. verifythis.com. https://www.verifythis.com/article/news/verify/food-verify/bananas-natural-radiation-radioactivity-potassium-fact-check/536-69d40988-fb91-4706-b92b-37a343714c69

Image - VerifyThis

#Fact_Hub #Short_Fact #Radioactive #Banna

Post a Comment

Previous Post Next Post

Contact Form