သင်သိပါသလား
ကမ္ဘာပေါ်မှာ အချိန်ဇုန်အများဆုံးရှိတဲ့ နိုင်ငံက ပြင်သစ်နိုင်ငံဖြစ်ပြီး အချိန်ဇုန် ၁၂ ခုတောင်ရှိတာပါ။ပြင်သစ်ရဲ့ မက်ထရိုပိုလစ်တန်ဒေသမှာတော့ အလယ်ဥရောပအချိန်ဇုန်ဖြစ်တဲ့ CET ကိုပဲ အသုံးပြုပေမယ့် ပြင်သစ်ပိုင်တဲ့ အခြားပင်လယ်ရပ်ခြား ပိုင်နက်တွေအားလုံးကို ထည့်တွက်မယ်ဆိုရင်တော့ အချိန်ဇုန် စုစုပေါင်း ၁၂ ခုရှိတာပါ။ ဒီအရေအတွက်က နယ်မြေကြီးတဲ့ တခြားနိုင်ငံတွေနဲ့ယှဉ်ရင်တောင် အများဆုံးဖြစ်နေပါတယ်။
အချိန်ဇုန်တွေနဲ့ ပတ်သက်လို့ ဆက်စပ်ပိုစ့်ကို ဒီကဖတ်ပါ။
Image - Wikimedia
Fact Hub Myanmar page ကို ရီဗျူးဝင်ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။
Telegram - t.me/facthub_mm
#Fact_Hub #Short_Fact #France_Time_zones
Tags
Short Fact