“တစ်ခုတည်းသော မြေကမ္ဘာ” (Short Documentary Video)


ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ဒီလှုပ်ရှားမှုတွေရဲ့ နာမည်ကြီး‌ဆောင်ပုဒ်ဖြစ်တဲ့ “တစ်ခုတည်းသော မြေကမ္ဘာ” ခေါင်းစဉ်နဲ့ short documentary ပုံစံလေး Fact Hub အဖွဲ့သားတွေ ဖန်တီးဖြစ်ပါတယ်။

“တစ်ခုတည်းသော မြေကမ္ဘာ” (Only One Earth) ဆိုတဲ့ term က အင်မတန် နက်နဲပါတယ်။ ကျွန်တော်တို့လို ဉာဏ်ရည်မြင့်သက်ရှိတွေ ရှင်သန်ပေါက်ဖွားလာနိုင်ဖို့အတွက် အကောင်းဆုံးအထောက်အပံ့ပေးတဲ့ ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ကြီးလို ဂြိုဟ်ဟာ ရှာမှရှားပါတယ်။ အဘက်ဘက်ကနေပြီး အသက်ရှင်သန်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ အထောက်အပံ့ကောင်းတွေနဲ့ အံ့ဘနန်းတည်ရှိနေတဲ့ ဒီကမ္ဘာကို၊ ကျွန်တော်တို့အိမ်ကို၊ သက်ရှိအားလုံးရဲ့ အိမ်ကို ကျွန်တော်တို့မဖျက်စီးမိဖို့ လိုအပ်ပါတယ်။ ကမ္ဘာကြီးက အခုချိန်မှာ ‌နာမကျန်းဖြစ်တဲ့ အခြေအနေကိုရောက်နေပါပြီ။ အချိန်တိုအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုတွေ တိုးချဲ့လုပ်ဆောင်တာမျိုးမရှိရင် နောက်ရာစုနှစ်လေးတစ်ခုအတွင်းမှာတင် ကျွန်တော်တို့ လူသားတွေ ရှင်သန်နေထိုင်နိုင်ဖို့အတွက် နေရာပျောက်ဆုံးသွားပါလိမ့်မယ်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှစ်ငါးဆယ်ပြည့်နေ့ကို အောက်ပါ ဗီဒီယိုလေးနဲ့အတူ ဂုဏ်ပြုလိုက်ပါတယ်။

YouTube မှာလည်း ကြည့်နိုင်ပါပြီ။

Post a Comment

Previous Post Next Post

Contact Form