၂၁ ရာစု အင်တာနက်ခေတ်မှာ သတင်းအချက်အလက်မှားပျံ့နှံ့မှုတွေဟာ အင်မတန်များပြားလာပါပြီ။ ဒီအချက်အလက်မှားတွေနဲ့ နားလည်မှုလွဲစေနိုင်တဲ့ အကြောင်းအရာတွေက ဖတ်ရှုသူလူအများရဲ့ အသိပညာပိုင်းကို အဆိပ်ခတ်နိုင်တဲ့ အရာတွေဖြစ်တာမလို့ အကြောင်းအရာတိုင်းကို မိမိကိုယ်ပိုင်အသိဉာဏ်နဲ့ ချင့်ချိန်စဉ်းစားပြီးမှ ယုံကြည်သင့်ပါတယ်။ တစ်ဖက်မှာလည်း Fact Checking အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာဖြစ်လို့ အချက်အလက်မှား ဟုတ်၊ မဟုတ်ကို အဆိုပါအဖွဲ့အစည်းတွေကတဆင့် သိရှိလာနိုင်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကိုယ်တွေ့သမျှ အကြောင်းအရာတွေ၊ သတင်းတွေက ဟုတ်၊ မဟုတ် .. မှန်၊ မမှန်ဆိုတာကို မိမိကိုယ်တိုင် အချိန်တိုအတွင်း စစ်ဆေးသိရှိနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
ဒါကြောင့် ဒီနေ့မှာ ကျွန်တော်တို့ အချက်အလက်စစ်ဆေးတဲ့သူတွေ အသုံးပြုတဲ့ Fact Checking နည်းလမ်းတွေထဲက တချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။
(၆) ကျွမ်းကျင်တဲ့ အချက်အလက်စစ်ဆေးသူတွေဆီ အကူအညီတောင်းပါ။
အကယ်၍ အပေါ်ကနည်းတွေနဲ့ အလုပ်မဖြစ်ဘူးဆိုရင်တော့ အချက်အလက်စစ်ဆေးတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်။ နိုင်ငံခြားက နာမည်ကြီး အချက်အလက်စစ်ဆေးတဲ့ အဖွဲ့အစည်းတွေကတော့
တို့ဖြစ်ကြပါတယ်။ အဲ့ဒီဝဘ်ဆိုက်တွေမှာ နိုင်ငံခြားက သတင်းမှားတွေနဲ့ သိပ္ပံတု၊ သိပ္ပံယောင်တွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေပါတယ်။
သတင်းနဲ့ ပတ်သက်ပြီး သီးသန့်စစ်ဆေးချင်ရင်တော့
- Associated Press Fact Check
- BBC Reality Check
- Reuters Fact Check တို့ကို ဆက်သွယ်လို့ရပါတယ်။
ပြည်တွင်းက အချက်အလက်စစ်ဆေးတဲ့ အဖွဲ့အစည်းတွေကတော့
နဲ့ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်း Fact Hub တို့ဖြစ်ကြပါတယ်။ ကိုယ်သိထားတဲ့အချက်အလက်တွေ၊ သတင်းအကြောင်းအရာတွေ မှန်၊ မမှန် စစ်ဆေးချင်တယ်ဆိုရင်ဖော်ပြထားတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်နိုင်သလို Fact Hub ကိုလည်း အချိန်မရွေး မက်ဆေ့ဂ်ျပို့ပြီး အကြောင်းကြားနိုင်ပါတယ်ခင်ဗျာ။ အချက်အလက်မှား၊ သတင်းမှားတွေရဲ့ လွှမ်းမိုးမှုအန္တရာယ်ကနေ လွတ်မြောက်နိုင်ကြဖို့ မျှော်လင့်ပါတယ်။