တရုတ်မဟာတံတိုင်းတစ်ခုတည်းကိုပဲ အာကာသကနေ မြင်ရတာမဟုတ်ပါဘူး

 


ဒီအပတ် Fact Check ပေးချင်တဲ့ အကြောင်းအရာအနေနဲ့ တရုတ်ပြည်က လူလုပ်မဟာတံတိုင်းတစ်ခုတည်းကိုပဲ အာကာသကနေ မြင်ရနိုင်တယ်ဆိုတဲ့ အချက်အလက်မှားတစ်ခုအကြောင်းပါ။ ဒီ အကြောင်းအရာက နှစ်ပေါင်းများစွာ စွဲကပ်နေတဲ့ အချက်အလက်မှားတစ်ခုဖြစ်ပြီး အခုချိန်ထိ တော်တော်များများက ယုံနေကြဆဲပါပဲ။ ဒီအကြောင်းအရာကို ရုပ်ရှင်တွေ၊ စာအုပ်တွေနဲ့ တချို့နိုင်ငံတွေမှာဆို ပထဝီဘာသာရပ်ဖတ်စာအုပ်တွေမှာပါ ပြဋ္ဌာန်းထားတာပါ။ တချို့ဆိုရင် မဟာတံတိုင်းကို လကမ္ဘာပေါ်ကတောင် မြင်ရတယ်လို့ ဆိုကြပါတယ်။


ဘာလို့ဒီအချက်အလက်က မှားယွင်းရတယ်လို့ ပြောရလဲဆိုရင် အာကာသဆိုတာ အင်မတန်ကျယ်ပြောတာကြောင့် ဖြစ်ပါတယ်။ မိုးမျှော်တိုက်ကြီးတွေ၊ တံတားကြီးတွေလို အရွယ်အစားကြီးမားတဲ့အရာတွေကိုတောင် အာကာသထက်ကနေ အင်မတန်သေးငယ်တဲ့ အရွယ်အစားတစ်ခုအနေနဲ့ပဲ မြင်ရနိုင်တာပါ။ ဂြိုဟ်တုတွေ အများကြီးလည်ပတ်နေတဲ့ ကမ္ဘာ့ပတ်လမ်းအနိမ့်ပိုင်းကနေတောင် အဲ့ဒီအရာတွေကို မြင်ရနိုင်ဖို့ ခဲယဉ်းပါတယ်။ ဘာလို့လဲဆိုရင် ကမ္ဘာပေါ်က အင်မတန်ကြီးမားပါတယ်ဆိုတဲ့အရာတွေက ကမ္ဘာဂြိုဟ်လုံးကိုတောင် ချုံကြည့်နိုင်လောက်တဲ့ အာကာသထက်မှာဆိုရင် အသေးအမွှားထက်မပိုလို့ပါ။ အမြင့် ၁၀ မီတာဝန်းကျင် (ပျမ်းမျှ ပေ ၃၀) လောက်အမြင့်ပဲရှိတဲ့ မဟာတံတိုင်းတည်ရှိရာ ကမ္ဘာကို အပြာရောင်အလုံးတစ်လုံးအနေနဲ့ မြင်ရတဲ့ အမြင့် ကီလိုမီတာ ၃၀ လောက်က အာကာသထက်မှာ လူ့မျက်လုံးနဲ့ ပလိန်းမြင်ရနိုင်ဖို့ ဘယ်လောက်ခဲယဉ်းတယ်ဆိုတာ တွေးမြင်ကြည့်နိုင်ပါတယ်။ ဂြိုဟ်တုတွေကနေဆိုရင်တော့ လွယ်လွယ်ကူကူမြင်ရနိုင်ပါတယ်။ ၂၀၀၄ ခုနှစ်တုန်းက အမေရိကန်အာကာသယာဉ်မှူး လီရွိုင်းရှိုင်ရိုက နိုင်ငံတကာအာကာသစခန်းပေါ်ကနေပြီး တရုတ်မဟာတံတိုင်းကို ၁၈၀ မီလီမီတာ မှန်ဘီလူးတပ်ဒစ်ဂျစ်တယ် ကင်မရာနဲ့ ပထမဆုံး မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက သူ့မျက်စိနဲ့ ဒီတိုင်းကြည့်တာတော့ မမြင်ရဘူးလို့ ဆိုပါတယ်။ ဂြိုဟ်တုတွေကနေဆိုရင်တော့ လွယ်လွယ်ကူကူမြင်ရနိုင်ပါတယ်။


အဲ့ဒီအထဲကမှ တရုတ်ပြည်က မဟာတံတိုင်းကြီးက အာကာသထဲကနေ မြင်ရနိုင်တဲ့ လူလုပ်အအရာတစ်ခုပါ။ ဒါပေမဲ့ မဟာတံတိုင်းတစ်ခုတည်းကိုပဲ မြင်ရတယ်ဆိုတာ မဟုတ်ပါဘူး။ အများအားဖြင့် မြို့ကြီးတွေ၊ လေဆိပ်တွေနဲ့ ဆည်ကြီးတွေ ဟိုက်ဝေးလမ်းကြီးတွေ၊ နောက် မြစ်တွေကိုလည်း မြင်ရလေ့ရှိပါတယ်။ အရာဝတ္ထုရဲ့ အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ သူတို့ကို ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပစ္စည်းတွေအပေါ် မူတည်ပြီး မြင်ရခြင်း မမြင်ရခြင်းနဲ့ မြင်ရတဲ့ အရွယ်အစားကွာခြားတာဖြစ်ပါတယ်။


အာကာကနေကနေ မြင်ရတဲ့ အရာတွေထဲက အခြားထင်ရှားတာကို ပြောရမယ်ဆိုရင် အီဂျစ်ပြည်က ဂီဇာပိရမစ် တွေဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် အင်မတန်ကြီးမားပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီအကွာက ဆောက်လုပ်ခဲ့တဲ့ ဒီအဆောက်အဦးတွေက ကမ္ဘာပေါ်က လူလုပ်အရာဝတ္ထုတွေထဲ အကြီးမားဆုံးဖြစ်ပြီးတော့ အာကာသပေါ်က ဂြိုဟ်တုတွေပေါ်ကနေတောင် မြင်ရနိုင်ပါတယ်။ အရွယ်အစားနဲ့ ပုံစံကြောင့် တခြားအရာတွေနဲ့ ကွဲထွက်နေတာဖြစ်လို့ အာကာသပေါ်ကနေ အလွယ်တကူမြင်နိုင်ပြီးတော့ မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေရှိပါတယ်။


အမေရိကန်နိုင်ငံက ဟူဗာဆည်ကြီး၊ ဒူဘိုင်းမှာရှိတဲ့ လူလုပ်ထန်းလက်ကျွန်းနဲ့ တရုတ်က မြစ်ကျဉ်းသုံးသွယ် ဆည်ကြီးတွေဟာဆိုရင် အာကာသပေါ်ကမြင်ရတဲ့ အရာတွေဖြစ်ပါတယ်။


အချုပ်အနေနဲ့ ပြောရရင် တရုတ်မဟာတံတိုင်းက အင်မတန်ကြီးမားတဲ့ အရွယ်အစားနဲ့ အံ့ဩဖွယ်ကောင်းလောက်တဲ့ သမိုင်းဝင်တဲ့ လူလုပ်အဆောက်အဦးတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ “တရုတ်မဟာတံတိုင်းတစ်ခုတည်းကပဲ အာကာသကနေမြင်ရတဲ့ ကမ္ဘာ‌ပေါ်က အရာဖြစ်ပါတယ်” လို့တော့ ပြောလို့မရပါဘူး။ အာကာသထက်ကနေ မြင်ရတဲ့ အခြားလူလုပ်အဆောက်အဦးတွေ အများကြီးရှိသေးလို့ ဒီအကြောင်းအရာဟာလည်း လူသိများထင်ရှားတဲ့ထဲက မှားယွင်းနေတဲ့ အချက်အလက်မှားတစ်ခုဖြစ်ကြောင်း ပြောပြလိုက်ရပါတယ်။


နောက်ရက်တွေကျရင် ပရိသတ်တွေတောင်းဆိုထားတဲ့ ပိရမစ်အကြောင်းနဲ့ အယ်ဒီဆင်ရဲ့ နီကိုလာတယ်စလာကြားက ပြဿနာနဲ့ လူတော်တော်များများအထင်လွဲနေတဲ့ အကြောင်းအရာတစ်ခု တင်ဆက်ပေးဖို့ရှိပါတယ်။


Source - BBC Skynight Magazine

Image - NASA


Written by - Zwe Thukha Min

Edited by - Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

Post a Comment

Previous Post Next Post

Contact Form