သင်သိပါသလား


ပျားတွေဟာ မြွေတွေထက် လူ့အသက်ကိုပိုပြီးအန္တရာယ်ပြုနိုင်ပါတယ်

မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်လိုကောင်တွေကို သတိထားဖို့လိုတယ်ဆိုပေမယ့် ပျား ဒါမှမဟုတ် ခွေးတစ်ကောင်ကြောင့်လည်း သင့်အသက်ဆုံးရှုံးနိုင်ပါတယ်။ 

၂၀၀၈ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်အတွင်း တိရိစ္ဆာန်တွေကြောင့် သေဆုံးသူ ၁၆၁၀ ဦးရှိခဲ့တဲ့ထဲက (၄၇၈) ဦးဟာ ‌ပျားတွေကြောင့်၊ (၂၇၂) ဦးဟာ ခွေးတွေကြောင့်သေဆုံးခဲ့ရကြောင်း Wilderness & Environmental Medicine မှာထုတ်ဝေတဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ‌ထိုနည်းတူစွာပဲ မြွေ၊ ပင့်ကူများနှင့် ကင်းမြီးကောက်များကြောင့် သေဆုံးသူဦးရေဟာ ရှစ်နှစ်အတွင်း (၉၉) ဦးရှိခဲ့ကြောင်း သိရပါတယ်။

မြင်း၊ ကျွဲများနှင့် ၀က်တွေလိုအခြားနို့တိုက်သတ္တဝါ‌များကြောင့်လည်း နှစ်စဉ် လူ (၇၂) ဦးအထိ သေဆုံးကြကြောင်း The Centers for Disease Control and Prevention မှသုတေသီများကလေ့လာတွေ့ရှိထားပါသေးတယ်။ 


Source - New York TImes

Image - Unsplash 

Written by - Htoo Tay Za

Edited by - Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿 

Post a Comment

Previous Post Next Post

Contact Form